Wednesday, September 24, 2014
Android ဖုန်းများအား ကွန်ပျူတာမလိုပဲ Root ဖေါက်ပြီး မြန်မာစာထည့်နည်း
9:32 AM
No comments
ဒီဆော့ဝဲလ်လေးတွေနဲ့ ဒီပိုစ့်ကို တင်ပေးဖို့ ပုံတွေစုထားတာ အနည်းငယ်
ကြာသွားပါပြီ..။ အရင် တစ်လကျော်လောက် ကတည်းက Lenovo Android စမတ်ဖုန်းတွေ
ဈေးကျလာတဲ့အတွက် မြန်မာပြည်သားများ အသုံးပြုတာလည်း များလာပါတယ်..။ မြန်မာစာ
ထည့်ပေးဖို့.. ဖုန်းအသစ်ဝယ်ပြီးတိုင်း ကျနော့်ဆီကို
ရောက်လာတတ်တဲ့သူငယ်ချင်းတွေ ရှိတာကြောင့် ကွန်ပျူတာမလိုပဲ အလွယ်တကူ
လုပ်ပေးလို့ ရတဲ့ Root တူး လေးတွေနဲ့ မြန်မာဖေါင့် Zawgyi Changer
လေးတွေကို ရှာဖွေ စုဆောင်းထားတဲ့ထဲက ဒီ Lenovo ဖုန်းတွေနဲ့ အဆင်ပြေစေတဲ့
APK လေးတွေကို ဒီပိုစ့်နဲ့ အတူ စုပြီး တင်ပေးလိုက်ပါတယ်..။ Lenovo Android
4.2.2 တွေကို Root ဖေါက်နိုင်တဲ့ APK လေးကတော့ Baidu 2.3.9 တရုတ် Root apk
လေးပဲ ဖြစ်ပါတယ်..။ နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ တရုတ်ဘာသာနဲ့ပဲ
အသုံးပြုရမှာ ဖြစ်ပါတယ်..။ ကျနော် တရုတ်စာ တတ်လို့ မဟုတ်ပါ..။
ရမ်းနှိပ်ရင်း မှန်သွားလို့၊ ဒီကောင်လေးကို အသုံးပြုတတ်အောင်ပါ နှိပ်ရမယ့်
နေရာလေးတွေနဲ့ မြန်မာစာ ထည့်ပေးတဲ့ Zawgyi Installer လေးတွေကိုပါ
ထည့်တတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ပြပေးထားပါတယ်..။ Lenovo Android 4.2.2
တွေမှာတော့ မြန်မာစာ အားလုံးပေါ်စေတဲ့၊ ကီးဘုတ်ပါ တွဲရက်ပါလာတဲ့ Smart
Zawgyi Changer လေးတွေနဲ့သာ အဆင်ပြေပါတယ်..။ တခြား font changer တွေနဲ့
မရပါ။
Microsoft Office Professional Plus 2010 ( full version )
9:26 AM
No comments
thuyein: အစ်ကိုခင်ဗျား
ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို
တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့
Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင်
online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0
ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့
ထည့်မထားပါခင်ဗျား..။ ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က
key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
Cyberlink Power Director 9.0
9:22 AM
No comments
ဒီပရိုဂရမ်ကတော့ Video တွေကို
တည်းဖြတ်ဖို့နဲ့ မိမိတို့စိတ်ကြိုက် Slide Show တွေကို Effect
မျိုးစုံနဲ့ ပြုပြင်ယူလို့ ရမှာ ဖြစ်ပါတယ်..။ မနေ့ကတင်ပေးခဲ့တဲ့ Video
Editing စာအုပ်လေးနဲ့ ဒီ ပရိုဂရမ်ကို လက်တွေ့ ၊ အလွယ်တကူ
အသုံးပြုနိုင်ပါလိမ့်မယ်..။ Power Director 10 တော့ရှိပါတယ်..။ သူ့အတွက်
Key အမှန်ကို ရှာလို့ မတွေ့သေးဘူး..။ Patch ဖိုင်တွေကလည်း Power Director
10 နဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့် Power Director 9
ဘက်လှည့်ကြည့်လိုက်တော့.. သူ့ကီးလေးနဲ့သူ Full
Version ဖြစ်နေလို့ ပြန်တင်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ဖိုင်ဆိုဒ်တော့
များတယ်..။ 700 MB နီးပါးရှိပါတယ်..။ ဒီဖိုင်ကို ကျနော် 100 MB စီနဲ့
၇ပိုင်းခွဲပြီး တင်ပေးထားပါတယ်..။ New Folder တခုဖွင့်ပြီး
အပိုင်းအားလုံးကို စုထည့်လိုက်ပါ.. ပြီးမှ အပိုင်းတစ်ကို ဖြည်လိုက်တာနဲ့
ရပါပြီ.. ကျန်တဲ့ အပိုင်းတွေပါ အလိုလိုပြည်ကျ သွားပါလိမ့်မယ်..။ တကယ်တော့
ကျနော်လည်း ဖိုင်တွေခွဲပြီး မတင်ချင်ပါဘူး..။ ဖြစ်နိုင်ရင် ဖိုင်တခုထဲ
တင်ပေးချင်တာပါ..။ အခုဒီဖိုင်က သိမ်များလွန်းတော့.. Upload ဆိုဒ်တွေက
ဖိုင်ဆိုဒ်အကြီးကြီး တခါတည်း တင်ဖို့ လက်မခံလို့သာ အခုလို
ဖိုင်တွေခွဲတင်လိုက်ရတာပါ..။ တခုသတိပြုရမှာက ဒီဖိုင်တွေကို ဒေါင်းတဲ့အခါမှာ
Connection မကောင်းလို့ ပြတ်ကျသွားတဲ့ အပိုင်းကို ပြန်ဆက်ဒေါင်းရင်..
အဲဒီအပိုင်းကို မှတ်ထားပေးပါ..။ ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင်
အဲလို ပြတ်ကျပြီး ပြန်ဆက်ဒေါင်းလိုက်တဲ့ ဖိုင်တွေက ဖြစ်တာများပါတယ်..။
ဒါကြောင့် ဖိုင်တွေပြန်ပေါင်းလို့ Error တက်ခဲ့ရင် အဲဒီဖိုင်
(၂ခါ၊၃ခါပြတ်ကျပြီးမှ ပြတ်ကျတဲ့နေရာကနေ ပြန်ဆက်ဒေါင်းယူလို့
ရလာတဲ့အပိုင်း)ကို Delete နဲ့ဖျက်ပစ်ပြီးမှ အဲဒီအပိုင်းကို
အသစ်ပြန်ဒေါင်းယူပါ..။ ဒေါင်းလော့ချနေတဲ့ အချိန်မှာ ပြတ်ကျမသွားအောင်
Connection ကောင်းနေတဲ့ အချိန်မှ ဒေါင်းလော့ချပါ..။
ဒီဖိုင်တွေကို ပြန်ပေါင်းလို့ အဆင်ပြေမပြေသိရအောင်.. ကျနော် စက်၂လုံးနဲ့
ဟိုဘက်၊ ဒီဘက် ပြောင်းပြီး ၃၊၄ကြိမ် ဖိုင်ပြန်ပေါင်းပြီးလို့ အဆင်ပြေမှ
ဒီဖိုင်တွေကို တင်ပေးလိုက်တာပါ..။ နောက်ပြီး English လို User Guide
လေးတွေပါ PDF ဖိုင်လေးတွေနဲ့ ထည့်ပေးလိုက်ပါတယ်..။ အားလုံးအတွက် အဆင်ပြေမယ်
ထင်ပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်ကလင့်တွေကနေ ဒေါင်းယူလိုက်ပါဗျာ..
adfly စာမျက်နှာလေး ကြားခံထားပါတယ်..
free account for Apple ID... Apple အကောင့် ဖရီး ဖွင့်ချင်သူများအတွက် ပြန်လည်မျှဝေပါသည်..။ Posted by; ဦးတေဇ
9:18 AM
No comments
ဒီပိုစ့်လေးကတော့
ကျနော်ရေးတာမဟုတ်ပါဘူ..။ ကျနော့်ရဲ့ဆရာ ဘုန်းကြီးရေးပေးတဲ့ပိုစ့်လေးပါ..။
ကျန်ခဲ့တဲ့ နှစ်ပါတ်လောက်က ဘုန်းကြီးကျောင်း ရောက်တုန်း ဆရာတော်ဆီမှာ
ကျနော့်ဝဘ်ဆိုဒ်အတွက် စာတွေရေးပေးဖို့ တောင်းခံခဲ့ပါတယ်..။ ကျနော်ဝဘ်ဆိုဒ်
ရေးနေတဲ့အကြောင်း ပြောပြတော့ ဘုန်းကြီးကဝမ်းပန်းတသာနဲ့ အားပေးပါတယ်..။
အမြဲတမ်း ရေးနိုင်သလောက် ရေးဖို့နဲ့ ကိုယ်တတ်နိုင်သလောက်
နည်းပညာတွေပြန်လည်မျှဝေပေးဖို့ ကျနော့်ကိုတိုက်တွန်းပါတယ်...။ ဒါနဲ့ပဲ
ဆရာတော်ဘုန်းကြီးကို ကျနော့်ဆိုဒ်မှာ အားပြည့်ရေးပေးဖို့ တောင်းခံခဲ့ပြီ..
ဒီနေ့တော့ ဒီပိုစ့်လေးကို ကျနော်ဝဘ်ဆိုဒ်မှာ တင်ဖို့အတွက် ဆရာတော်က
ပေးသနားခဲ့ပါတယ်..။
pro Myanmar root (99 ရာနှုန်း သေချာသည်)
9:13 AM
No comments

Version :1.0
Size : 2.65MB
Format : Apk
O/S : Android
မင်္ဂလာပါဗျာ ဒီ Pro Myanmar Root ဆိုတဲ့ app ဟာ မြန်မာ Bolgger တွေမှာ
လွန်စွာ နာမည်ကြီးခဲ့ပါတယ်။ ကျွန်တော်လည်း အသုံးပြုနေတာ ကြာပါပြီး
မအားတာနဲ့ မတင်ပေးဖြစ်တာပါ။ ကျွန်တော် အသုံးပြုပြီး Root ဖောက်မိသလောက်
ဖုန်းဆိုရင်တော့ 10 လုံး ဖောက်ရင် 9 လုံးလောက် အဆင်ပြေတာကို တွေ့ရပါတယ်။
တစ်နည်းအားဖြင့် ပြောရရင် Service သမားတွေအထူးကို ဆောင်ထားသင့်တဲ့ APK ဆို မမှားပါဘူးနော်။ အသုံးပြုပုံက ဆော့ဝဲလ်ကို ဖွင့် ပြီး Start Root ကို နှိပ်ပေးရမယ် ဖြစ်ပါတယ်။ ဒါဆိုရင် ရာနှုန်ပြေးနေလိမ့်မယ် 100 ရာနှုန်း ပြည့်ရင် ဖုန်းဟာ Restart ကျသွားပြီး ဖုန်းပြန်ပွင့်လာရင် Superuser Icon လေး တစ်ခု ထက်တိုးလာရင် Ok ပါပြီးဗျာ။
Windows 8.1 အသုံးပြုသူများအတွက် USB Pendrive (or) SD Card ဖြင့် Recovery Files ပြုလုပ်ဖန်တီးနည်း
9:09 AM
No comments
ကျနော် စာမရေးတာ ကြာသွားလို့ ကျနော့် Reader တွေလည်း ပိုစ့်တွေ
မျှော်နေလောက်ပြီ ထင်ပါတယ်..။ ကျနော်အသုံးပြုနေတဲ့ အင်တာနက်က
ဖိုင်တွေတင်လို့ အဆင်မပြေတာရယ် ၊ တခြား အကြောင်းလေးတွေကလည်း အနည်းငယ်
ရှိနေလို့ စာမရေးဖြစ်တာပါ..။ မကြာခင်တော့ ပိုစ့်တွေ ပြန်လည်တင်ပေး
နိုင်လိမ့်မယ် ထင်ပါတယ်..။ ဒီနေ့ လုပ်နည်း ပိုစ့်လေးကတော့ Windows 8.1
အသုံးပြုသူများအတွက်ပါ..။